5th NIES International Forum for Sustainable Future in Asia အပြည်ပြည်ဆိုင်ရာဖိုရမ် ကျင်းပခြင်း

23/1/2020

ဆေးတက္ကသိုလ် (၁) ရန်ကုန်သည် ဂျပန်နိုင်ငံ National Institute for Environmental Studies (NIES)၊ တိုကျိုတက္ကသိုလ် Institute for Future Initiatives၊ ထိုင်းနိုင်ငံ Asian Institute for Technology ၏ Regional Resource for Asia and the Pacific တို့နှင့် ပူးပေါင်း၍ အာရှဒေသအနာဂတ်တည်မြဲရေး (၅) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာဖိုရမ်ကို ရန်ကုန်မြို့ နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ် ပြည်ခန်းမတွင် ၂၁-၁-၂၀၂၀ မှ ၂၂-၁-၂၀၂၀ ထိ ကျင်းပခဲ့ပါသည်။ အဆိုပါ အပြည်ပြည်ဆိုင်ရာဖိုရမ်တွင် ၁။ အာရှနိုင်ငံများအတွင်း လတ်တလော ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ၊ ကျန်းမာရေးဆိုင်ရာ ပြဿနာများနှင့် သုတေသနဆိုင်ရာ စိန်ခေါ်မှုများ နှင့်ပတ်သက်၍ အနာဂတ်မျိုးဆက်သစ်များအတွက် ကျန်းမာ၍ သာယာဝပြောသောသောဘဝများ ရရှိနိုင်စေရေး သေချာစေရန်အတွက်လည်းကောင်း ၂။ ကျန်းမာရေးနှင့်ကိုက်ညီသော သဘာဝဂေဟစနစ်များအား ကာကွယ်ရေး နှင့် ရာသီဥတုပြောင်းလဲမှုများအား တန်ပြန်နိုင်ရေးအတွက် အားလုံးအတွက်အကျိုးရှိမည့် ရေရှည်တည်တံ့နိုင်သည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်များသို့ ရောက်ရှိရေးအတွက် အားလုံးအကျိုးရှိမည့် ဗျူဟာများ နှင့် ပတ်သက်၍ လည်းကောင်း ၃။ အာရှဒေသတွင်း ရေရှည်တည်တံ့နိုင်သည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်များသို့ ရောက်ရှိရေးအတွက်  ပူးပေါင်းဆောင်ရွက်ရမည် နည်းလမ်းများသို့ ချဉ်းကပ်ခြင်းနှင့် ပတ်သက်၍လည်းကောင်း အပိုင်း (၃) ပိုင်းခွဲ၍ တင်ပြ ဆွေးနွေးကြပါသည်။ ၂၃-၁-၂၀၂၀ တွင် လတ်တလော အာရှဒေသတွင်း ရင်ဆိုင်နေရသည် ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ ခေါင်းစဥ်ဖြင့် လူထုဟောပြောပွဲ တစ်ခုကို ပြုလုပ်ခဲ့ပါသည်။