um1_bnr

Rector

ZAW WAI SOE, Professor
MBBS, MMedSc (Orthopaedics), FRCS (Glasgow), DrMedSc (Orthopaedics), DipMedEd

ကိုယ်ရေးအကျဉ်း

ပါမောက္ခဒေါက်တာဇော်ဝေစိုးသည် MBBS ဘွဲ့ကို ဆေးတက္ကသိုလ် (၂) ရန်ကုန်မှ ၁၉၈၆ တွင် ရရှိခဲ့ပြီး မြင်းခြံခရိုင်ဆေးရုံကြီးတွင် လက်ထောက်ဆရာဝန်အဖြစ် (၃) နှစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ဆေးပညာမဟာသိပ္ပံ (အရိုးနှင့်ထိခိုက်ဒဏ်ရာအထူးကု) ဘွဲ့ကို ဆေးတက္ကသိုလ် – မန္တလေး မှ ရရှိခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် Fellow of Royal College Surgeon (Glasgow) စာမေးပွဲကို အောင်မြင်ပြီး Falkirk Royal Infirmary (Scotland) တွင် (၂) နှစ်ကြာ လေ့ကျင့်သင်ကြားခဲ့သည်။ အမိနိုင်ငံသို့ ၂၀၀၀ ခုနှစ်တွင် ပြန်လည်ရောက်ရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်အရိုးအထူးကုဆေးရုံကြီး နှင့် ဆေးတက္ကသိုလ် (၁) ရန်ကုန် တို့၏ အရိုးခွဲစိတ်ကုပညာဌာနတွင် ရာထူးအဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ဆေးပညာပါရဂူဘွဲ့ (Dr.Med.Sc – Orthopaedics) ကို ၂၀၀၅ ခုနှစ်တွင်ထပ်မံရရှိခဲ့သည်။ ဆေးပညာသင်ကြားရေးဒီပလိုမာ (Dip. Med. Ed.) ကို ၂၀၀၆ ခုနှစ်တွင် ရရှိခဲ့သည်။ ၂၀၁၄ မှ ၂၀၁၅ ခုနှစ်များတွင် ဆေးတက္ကသိုလ် (၂) ရန်ကုန်၏ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ် မေလ (၂၀) ရက် တွင် ဆေးတက္ကသိုလ်၏ ပါမောက္ခချုပ် အဖြစ် စတင်တာဝန်ထမ်းဆောင်သည်။ ၂၀၁၈ ခုနှစ်တွင် ပါမောက္ခချုပ်များကော်မိတီဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည်။ ပါမောက္ခချုပ်များကော်မိတီသည် အမျိုးသားအဆင့်မြင့်ပညာရေးပြုပြင်ပြောင်းလဲရေးဆိုင်ရာကော်မတီတစ်ခုဖြစ်ပြီး အဖွဲ့ဝင်တက္ကသိုလ်ပေါင်း (၁၆၁) ခုဖြင့် ဖွဲ့စည်းထားသည်။ ပါမောက္ခဒေါက်တာဇော်ဝေစိုးသည် မြန်မာနိုင်ငံ ကျောရိုးခွဲစိတ်ပညာနှင့် အရေးပေါ်ဆေးကုသမှုပညာဘာသာရပ်များကို အဓိကတည်ထောင်ခဲ့သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။