ပရဝုဏ်များ
University of Medicine (1) has three campuses.
- Lanmadaw Campus
- Pyay Campus
- Thahtone Campus
Pyay and Thathone Campuses
ဆေးတက္ကသိုလ် (၁) တွင် ပရဝုဏ် (၃) ခု ရှိပါသည်။
- လမ်းမတော် ပရဝုဏ်
- ပြည်လမ်း ပရဝုဏ်
- သထုံလမ်း ပရဝုဏ်
ပြည်လမ်း နှင့် သထုံလမ်း ပရဝုဏ်
ယင်းပရဝုဏ် (၂) ခုမှာ ကပ်လျက်တည်ရှိပြီး အကျယ်အဝန်းမှာ (၃) ဧက ကျယ်ဝန်းကာ ကမာရွတ်မြို့နယ်အတွင်း သထုံလမ်း၏ တစ်ဖက်တစ်ချက်စီတွင် တည်ရှိကြသည်။ သိပ္ပံဘာသာရပ်များနှင့် ဆေးအခြေခံဘာသာရပ်များကို ပထမနှစ်နှင့် ဒုတိယနှစ် ဆေးကျောင်းသားများအား သင်ကြားပေးသည်။
ပြည်လမ်းပရဝုဏ်တွင် ဆေးပညာအခြေခံဘာသာရပ်ဌာနများဖြစ်သော ခန္ဓာဗေဒဌာန၊ ဇီဝကမ္မဗေဒဌာနနှင့် ဇီဝဒါတုဗေဒဌာနများ၊ လူ (၂၅၀) ဆံ့ စာသင်ခန်းမ (၃) ခု၊ ရုက္ခဗေဒလက်တွေ့ခန်း၊ သတ္တဗေဒလက်တွေ့ခန်း၊ ရူပဗေဒလက်တွေ့ခန်း၊ ခန္ဓာဗေဒလက်တွေ့ခွဲစိပ်သင်ကြားခန်းများ၊ ဇီဝကမ္မဗေဒလက်တွေ့ခန်းများ၊ ဇီဝဓါတုဗေဒ လက်တွေ့ခန်းများ၊ စာကြည့်တိုက်၊ ကျောင်းသူနားနေခန်း၊ ကျောင်းသားနားနေခန်း၊ စားသောက်ဆိုင် တို့တည်ရှိသည်။
ခန္ဓာဗေဒလက်တွေ့ခန်းများတွင် အဆင့်မြင့် ခွဲစိပ်ပညာလေ့ကျင့်ရေး အလုပ်ရုံသင်တန်းများကို ဆေးပညာသင်ကြားရေးအတွက် လှူဒါန်းထားသော ကိုယ်ခန္ဓာများအား နူးညံ့ပျော့ပြောင်းစွာ ထိမ်းသိမ်းထားနိုင်သော နည်းပညာများအသုံးပြုကာ လေ့ကျင့်သင်ကြားနိုင်အောင် စီစဥ်ထားရှိပြီး ၂၀၁၉ ခုနှစ်မှ စ၍ ပုံမှန် အသုံးပြုလျက်ရှိပါသည်။
ပြည်လမ်းပရဝုဏ်
သထုံလမ်းပရဝုဏ်
Lanmadaw Campus
လမ်းမတော်ပရဝုဏ်ကို (၁၉၂၇) ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး (၂) ဧကကျော် ကျယ်ဝန်းကာ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံကြီး) နှင့် ဆက်စပ်တည်ရှိသည်။ ဆေးပညာအခြေခံဘာသာရပ်ဌာနများကို အဓိက သင်ကြားပေးသည်။ ဆေးတက္ကသိုလ် (၁) ၏ စီမံခန့်ခွဲမှုဆိုင်ရာ ရုံးများ၊ ပင်မစာကြည့်တိုက်၊ လူ (၃၀၀) ဆံ့ စာသင်ခန်းမကြီး (၃) ခု၊ လူ (၂၀၀) ဆံ့စာသင်ခန်းမ (၄) ခု၊ အပန်းဖြေခန်းမ၊ ဆေးပညာရင်းမြစ်ဗဟိုဌာန၊ လက်တွေ့လေ့ကျင့်ရေးခန်းများနှင့် စာကြည့်တိုက် တို့ တည်ရှိသည်။
ဆေးပညာကျွမ်းကျင်မှုပုံတူပြုလေ့ကျင့်ရေးနှင့် သုတေသနဗဟိုဌာနကို မင်းရဲကျော်စွာလမ်းတစ်ဖက်တွင် တည်ဆောက်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၂) ရက် နေ့မှ စတင်ဖွင့်လှစ်ကာ အသုံးပြုလျက်ရှိသည်။
လမ်းမတော်ပရဝုဏ်