um1_bnr

Pro-rector (Academic)

Professor Khin Mar Myint

MBBS, M.Med.Sc (Pharmacology), PhD, Dip.Med.Ed

ကိုယ်ရေးအကျဉ်း

ပါမောက္ခဒေါက်တာခင်မာမြင့်သည် ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ၁၉၉၃ ခုနှစ်တွင် MBBS ဘွဲ့ရရှိခဲ့ပြီး မြို့နယ်ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနများတွင် လက်ထောက်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောက်ခဲ့သည်။ ဆေးပညာသင်ကြားရေးလောကသို့ ၁၉၉၈ ခုနှစ်တွင် ပြောင်းလဲခဲ့ပြီး ဆေးပညာမဟာသိပ္ပံ (ဆေးဝါးဗေဒ) ဘွဲ့ကို ၂၀၀၁ ခုနှစ်တွင် ရရှိခဲ့သည်။ ထို့နောက် ဂျပန်နိုင်ငံ၊ Kanazawa University တွင် မွန်ဘူးရှိုးပညာသင်ဆု (Monbusho Scholarship) ဖြင့် ပါရဂူသင်တန်းတက်ရောက်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ပါရဂူဘွဲ့ကို ရရှိကာ ၂၀၀၆ ခုနှစ်၏ အကောင်းဆုံးသုတေသနစာတမ်းဆု (Takayasu Award ) ကို ရရှိခဲ့သည်။ ယခင်က ဆေးဝါးဗေဒဌာနတွင် ပါမောက္ခအဖြစ်လည်းကောင်း၊ သင်တန်းရေးရာဌာနမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် University of Maryland တွင် Fullbright US-ASEAN Visiting Scholar အဖြစ် Medical Education and Accreditation Systems of the United States project ခေါင်းစဉ်ဖြင့် လေ့လာဆည်းပူးခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ဒုတိယပါမောက္ခချုပ် (သင်ကြားရေး) အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။