um1_bnr

ဗဟိုအမျိုးသမီးဆေးရုံကြီး

ဗဟိုအမျိုးသမီးဆေးရုံကြီးကို ၁၈၉၇ ခုနှစ်တွင် လေဒီ ဒပ်ဖရင် ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည်။ လေဒီ ဒပ်ဖရင် ဟု လူသိများသော ဒပ်ဖရင်နှင့် အဝ နယ်စားကြီး၏ ဇနီးဖြစ်ပြီး အင်္ဂလိပ်မျိုးရိုးမှ ဆင်းသက်လာသူဖြစ်သည်။ သူမသည် နိုင်ငံတကာဆက်သွယ်ရေးကျွမ်းကျင်သူ နယ်စားကတော်တစ်ဦးအဖြစ် ထင်ရှားပြီး ဗြိတိသျှ-အိန္ဒြိယ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးတက်အောင် ဦးဆောင်ဦးရွက် ပြုခဲ့သည်။ ဗဟိုအမျိုးသမီးဆေးရုံကြီးသည် အနောက်တိုင်းဆေးပညာ မြန်မာနိုင်ငံသို့ရောက်ရှိလာခြင်း၏ အစ သမိုင်းမှတ်တိုင်ဖြစ်သည်။ အဆောင် "ဒီ" သည် ရှေးအကျဆုံး အဆောက်အဦဖြစ်ပြီး ရန်ကုန်မြို့၏ သမိုင်းအမွေအနှစ် မှတ်တမ်းဝင် အဆောက်အဦလည်းဖြစ်သည်။ ဗဟိုအမျိုးသမီးဆေးရုံကြီးသည် ပြည်သူပိုင်ဆေးရုံဖြစ်ပြီး ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ သူနာပြုတက္ကသိုလ် (ရန်ကုန်) နှင့် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (ရန်ကုန်) တို့၏ သင်ကြားရေး ဆေးရုံကြီးတစ်ခုလည်း ဖြစ်သည်။