2020/07/24
Medical School and Careers Panel Discussion Webinar သို့ တက်ရောက်၍ USMLE အကြောင်း လေ့လာနိုင်

USMLE အကြောင်း စိတ်ဝင်စားပါသလား။ Myanmar Initiatives မှ ပြုလုပ်သော Medical School and Careers Panel Discussion ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ (၂၅) ရက် (စနေနေ့) မြန်မာစံတော်ချိန် နံနက် (၇း၀၀) နာရီတွင် Webinar အဖြစ် ကျင်းပမည်ဖြစ်ပါသည်။ အဆိုပါ စကားဝိုင်းကို အမေရိကန်ပြည်ထောင်စု၏ ဆေးကုသခွင့်လိုင်စင် စစ်ဆေးခြင်း စာမေးပွဲများ (United States Medical License Examination) ဖြေဆို၍ ဆရာဝန်အဖြစ် အသက်မွေးဝမ်းကျောင်းပြုလိုသည့်  MBBS သင်တန်းတက်ရောက်နေသော ကျောင်းသူကျောင်းသားများ၊ MBBS ဘွဲ့ရ ဆရာဝန်များအတွက် အထူးရည်ရွယ်၍ စီစဉ်ထားပါသည်။ စိတ်ပါဝင်စားသူများသည် အထက်ပါ Webinar ကို အောက်ပါ Link တွင် ဝင်ရောက် စာရင်းဖြည့်သွင်း၍ တက်ရောက်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

Register for JULY 24: Medical School Panel Discussion