2020/02/01
အမိတက္ကသိုလ် ဆေး (၁) ၏ ၉၃ နှစ်မြောက်မွေးနေ့အထိမ်းအမှတ် အခမ်းအနားနှင့် ဓမ္မပူဇာတရားပွဲ ကျင်းပမည်

ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် ကျရောက်သော အမိ ဆေးတက္ကသိုလ် (၁) ရန်ကုန် ၏ (၉၃) နှစ်မြောက် မွေးနေ့မင်္ဂလာကို ရှမ်းပြည်နယ်၊ ဗုဒ္ဓတက္ကသိုလ် ဦးစီးတည်ထောင်သူ ကမ္ဘာ့ဗုဒ္ဓသာသနာပြုအောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာ အရှင်ဓမ္မသာမိ (DPhil., Oxford) အား ပင့်ဖိတ်၍ မွေးနေ့အထိမ်းအမှတ်ဖြင့် "ဂရုဏာ ရဲ့ ကုသမှု စွမ်းအားများ (The Healing Powers of Compassion)" တရားတော်ကို (၂-၂-၂၀၂၀ ရက် - တနင်္ဂနွေနေ့ ) နံနက် (၈း၀၀ နာရီ) တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန် - လမ်းမတော်ပရဝုဏ်ရှိ အပန်းဖြေခန်းမ (Old Library/Multipurpose Hall) တွင် ပြုလုပ်မည်ဖြစ်ပါသဖြင့် ကြွရောက်ပေးကြပါရန် လေးစားစွာဖြင့် ဖိတ်မန္တကပြုအပ်ပါသည်။


ကြွရောက်မည်သူများ အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စာရင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

01-251131, 0130370938, 09-420177320, 09793260887