2020/09/27
COVID19 ကုသရေးအတွက် အစိုးရဝန်ထမ်းမဟုတ်သော ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးအင်အားစု ဆန္ဒပြုသူများ စာရင်းကောက်ယူခြင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID19 ကုသရေးဌာနများကို တိုးချဲ့ဆောင်ရွက်ရလျက်ရှိရာ အဆိုပါဌာနများတွင် တာဝန်ထမ်းဆောင်ရန် အစိုးရဝန်ထမ်းမဟုတ်သော အထူးကုဆရာဝန်၊ အထွေထွေရောဂါကုဆရာဝန်၊ သွားဘက်ဆိုင်ရာဆရာဝန်၊ သူနာပြု၊ ဆေးဘက်ကျွမ်းကျပညာရှင်များနှင့် ဆေးဝါးပညာရှင်များ အား ဆန္ဒပြုကြပါရန် ဖိတ်ခေါ်အပ်ပါသည်။ တာဝန်ထမ်းဆောင်ရမည့် နေရာများမှာ - (၁) ဖောင်ကြီး (၂) အောင်မြင်းမိုရ် (တောင်ဒဂုံ) (၃) ရိုးမ-၁ နှင့် ရိုးမ-၂ (ဒဂုံဆိပ်ကမ်း) (၄) လှိုင် ကိုဗစ်၁၉ ကုသရေး ဌာနများ ဖြစ်ပါသည်။ ဆောင်ရွက်ရမည့် အလုပ်မှာ ဆေးကုသရေးဖြစ်ပါသည်။ ဆန္ဒပြုရန် အောက်ပါ link တွင် ဝင်ရောက်၍ အချက်အလက်များ ဖြည့်ပေးပါရန် - https://forms.gle/NZLKHQCqPHSuYKWj7 ဆက်လက်လုပ်ဆောင်ရမည်တို့ကို ပြန်လည်ကြေငြာပေးမည်ဖြစ်ပြီး Email များသို့လည်း ဆက်သွယ်ဆောင်ရွက်သွားပါမည်။ စုံစမ်းမေးမြန်းရန် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

  • 09790642343 Sithu Aung (UM1VTF)
  • 09254192433 Thel Htike Ye Htun (UM1VTF)
  • 09761408038 Pyae Sone Ko Ko (UM1VTF)
  • 09421104166 Hein Sett Aung (UM1VTF)
  • 09426491827 Nay Myo Naing (UM1VTF)
  • 095042093 April May Htun (UM1VTF)
အထူးကျေးဇူးတင်ရှိပါသည်။