ဆေးတက္ကသိုလ်(၁)၊ရန်ကုန်၏ (၅၈)ကြိမ်၊(၅၉) ကြိမ်နှင့် အကြိမ် ၆၀ မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်(၁)၊ရန်ကုန်၏ (၅၈)ကြိမ် နှင့်(၅၉) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို (၂၀၂၅)ခုနှစ်မတ်လ(၂၂)ရက်နေ့ နံနက်(၈:၀၀)နာရီ အချိန်၌လည်းကောင်း၊ အကြိမ် (၆၀) မြောက် ဘွဲ့နှင်းသဘင်အခမ်း အနားကို မတ်လ(၂၂)ရက်နေ့ နေ့လည် (၁:၀၀)နာရီ အချိန်၌လည်းကောင်း ရန်ကုန်တက္ကသိုလ်၊ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင်ဘာသာရပ်အသီးသီးတွင် ပါရဂူဘွဲ့၊ ဆေးပညာမဟာသိပ္ပံဘွဲ့၊ ဒီပလိုမာဘွဲ့များနှင့် ဆေးပညာဘွဲ့များအတွက် ကောင်းစွာအောင် မြင်ပေါက်မြောက်ခဲ့ပြီဟုပညာရေးအဖွဲ့ကကြေညာ ခြင်း ခံရသူများအား ဆေးတက္ကသိုလ်(၁)၊ရန်ကုန် ပါမောက္ခချုပ်၊ ဒေါက်တာကျော်ရွှေက ဘွဲ့များအသီးသီးအပ်နှင်းခဲ့ပါသည်။ (၅၈)ကြိမ် မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဆေးလက်တွေ့ပါရဂူဘွဲ့(၇၅)ဦး၊ ပါရဂူဘွဲ့(၉)ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့(၁၅၃)ဦး၊ ဒီပလိုမာ (၂၀)ဦးနှင့် ဆေးပညာဘွဲ့(၆၀)ဦး တို့ကိုလည်းကောင်း၊ (၅၉)ကြိမ်မြောက် ဘွဲ့နှင်း သဘင်အခမ်းအနားတွင် ဆေးလက်တွေ့ပါရဂူဘွဲ့(၂၅)ဦး၊ ပါရဂူဘွဲ့(၂)ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့(၂၀)ဦး၊ ဒီပလိုမာ (၉)ဦးနှင့် ဆေးပညာဘွဲ့(၁၁၅)ဦး တို့ကိုလည်းကောင်း၊ အကြိမ်(၆၀)မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား တွင် ဆေးလက်တွေ့ပါရဂူဘွဲ့(၁၈)ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့(၆၁)ဦး၊ ဒီပလိုမာ (၁၁)ဦးနှင့် ဆေးပညာဘွဲ့ (၁၇၈)ဦး တို့ကိုလည်းကောင်း၊ ဘွဲ့အပ်နှင်းချီးမြှင့်ခဲ့ပါသည်။ ယခုဘွဲ့နှင်းသဘင်အပါအဝင် ဆေးတက္ကသိုလ်(၁)၊ရန်ကုန်မှ မွေးထုတ်ပေးခဲ့သည့် ဆရာဝန်ပေါင်း (၁၈၁၄၄)ဦးရှိခဲ့ပြီး ဆေးလက်တွေ့ပါရဂူဘွဲ့(၆၆၄)ဦး၊ ပါရဂူဘွဲ့ (၁၃၀)ဦး၊ ဆေးပညာမဟာသိပ္ပံ (၄၂၇၅)ဦး နှင့် ဒီပလိုမာ (၁၈၂၄)ဦးတို့ အောင်မြင်စွာ လေ့ကျင့် ပျိုးထောင်မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။