um1_bnr

ရန်ကုန် ပညာရေးတက္ကသိုလ် မှ ပါရဂူ သုတေသနတွင် ပါဝင်နိုင်ရန် ဖိတ်ခေါ်ခြင်း

ရန်ကုန် ပညာရေးတက္ကသိုလ် မှ ပါရဂူ သုတေသနတွင် ပါဝင်နိုင်ရန် ဖိတ်ခေါ်ခြင်း

ရန်ကုန် ပညာရေးတက္ကသိုလ် ပညာရေးစိတ်ပညာဌာနမှ ပါရဂူကျမ်းပြုစုနေသူ မဇင်မာလွင် ၏ Cyberage Social Competence of Adolescents and its relation to Contextual Variables ခေါင်းစဉ်ဖြင့် ပြုလုပ်လျက်ရှိသောသုတေတနတွင် အသက် ၁၇ နှစ်မှ ၁၉ အတွင်း ဘွဲ့ကြိုပထမနှစ်နှင့်ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူများအား ပါဝင်သုတေသနပြုလုပ်ပေးနိုင်ပါရန် မေတ္တာရပ်ခံလာပါသည်။ အဆင့်ဆင့် ခွင့်ပြုချက်များလည်း ရရှိခဲ့ပြီးဖြစ်ပါသဖြင့် ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ အထက်ပါအသက်အပိုင်းအခြားတွင်ရှိသော တက္ကသိုလ်ကျောင်းသားကျောင်းသူများ ပါဝင်ဆောင်ရွက်နိုင်ပါကြောင်းနှင့် ယင်းသုတေသန၏ ရလာဒ်များသည် အနာဂတ် ပညာရေးအုတ်မြစ်များ ခိုင်မာစွာချနိုင်ရေးအတွက် အများပြည်သူအတွက် အကျိုးရှိမည့် သုတေသနဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။


ပါဝင်နိုင်သော link မှာ –

(for Unicode user)

 https://qfreeaccountssjc1.az1.qualtrics.com/jfe/form/SV_9uCec9go3fVCvpY


(for Zawgyi user)

 https://qfreeaccountssjc1.az1.qualtrics.com/jfe/form/SV_82MrlTJ0YlagJ7w

သုတေသနပြုလုပ်သူ၏ မူရင်း “သုတေသနတွင်ပါဝင်ရန် မိတ်ဆက်ခြင်းနှင့် မေတ္တာရပ်ခံလွှာ” ကို အောက်ပါအတိုင်း ဖော်ပြပါသည်။


တက္ကသိုလ်များမှဘွဲ့ကြိုပထမနှစ်နှင့်ဒုတိယနှစ်ကျောင်းသား၊ကျောင်းသူများသို့အကူအညီတောင်းခံလွှာ

🙏🙏🙏

မင်္ဂလာပါရှင် ကျွန်မသည် Cyberage Social Competence of Adolescents and its relation to Contextual Variables ခေါင်းစဥ်ဖြင့် သုတေသနပြုလေ့လာလျက်ရှိသော ပါရဂူကျမ်းပြု ကျောင်းသူတစ်ဦးဖြစ်ပါသည်။ သို့ပါ၍ ကျွန်မ၏ သုတေသနပြီးစီးအောင်မြင်နိုင်ဖို့ ပါဝင်ကူညီ၍ Survey Questions များကို ဖြေဆိုပေးပါရန် မေတ္တာရပ်ခံပါတယ်ရှင်။ ကျွန်မ၏သုတေသနအတွက် သတ်မှတ်ထားသော အသက်အရွယ်မှာ ဆယ်‌ကျော်သက်အရွယ် (adolescent) ဖြစ်သောကြောင့် အသက် ၁၇ နှစ်မှ ၁၉ အတွင်း ဘွဲ့ကြိုပထမနှစ်နှင့်ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူများကို ဖြေဆိုပေးပါရန် မေတ္တာရပ်ခံပါတယ်ရှင်။

ဖြေကြားမှုအားလုံးကို ပညာရေးအတွက်သာလျှင် အသုံးချသွားမည်ဖြစ်ပါသည်။

ပါဝင်ဖြေဆိုပေးသော ကျောင်းသား၊ ကျောင်းသူတစ်ဦးတစ်ယောက်ချင်းစီအား ကျေးဇူးအထူးတင် ပါတယ်ရှင်။


မဇင်မာလွင်

ပညာရေးစိတ်ပညာဌာန

ရန်ကုန်ပညာရေးတက္ကသိုလ်


ရည်ညွှန်း-
  • ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၅-၁-၂၀၂၁ ရက်စွဲပါ စာအမှတ် အဆင့်မြင့်/မူဝါဒ/၂၀၂၁(၁၀၃၇)
  • ရန်ကုန်ပညာရေးတက္ကသိုလ်၏ (၈-၁-၂၀၂၁) ရက်စွဲပါ စာအမှတ် ၀၀၂/ပညာ(ကွင်းဆင်း)/၂၀၂၀
  • ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ (၂၁-၁-၂၀၂၁) ရက်စွဲပါ စာအမှတ် အဆင့်မြင့်/မူဝါဒ/၂၀၂၁(၀၆၆၇)