2019/11/26
ပထမနှစ် (၁၂/၂၀၁၉) သင်တန်းသို့ တက်ရောက်ခွင့်ရရှိသည့် ကျောင်းသား/ကျောင်းသူများ ဆေးတက္ကသိုလ် (၁) ၏ သင်ရိုးညွှန်းတမ်း၊ လုပ်ငန်းဆောင်တာများနှင့် စည်မျဉ်းစည်းကမ်းများနှင့် မိတ်ဆက်ပေးခြင်းအစီအစဥ်သို့တက်ရောက်ပါရန်ကိစ္စ

ပထမနှစ် (၁၂/၂၀၁၉) သင်တန်းသို့ တက်ရောက်ခွင့်ရရှိသည့် ကျောင်းသား/ကျောင်းသူများ ဆေးတက္ကသိုလ် (၁) ၏ သင်ရိုးညွှန်းတမ်း၊ လုပ်ငန်းဆောင်တာများနှင့် စည်မျဉ်းစည်းကမ်းများနှင့် မိတ်ဆက်ပေးခြင်းအစီအစဥ်သို့တက်ရောက်ပါရန်ကိစ္စ ဆေးတက္ကသိုလ် (၁) ရန်ကုန် ပထမအမ်ဘီဘီအက်စ် (၁၂/၂၀၁၉) သင်တန်းသို့ ဝင်ခွင့်ရရှိသည့် ကျောင်းသားကျောင်းသူများကို ဆေးတက္ကသိုလ်နှင့်ပတ်သက်၍ သိရှိသင့်သော အကြောင်းအရာ အချက်အလက်များနှင့် မိတ်ဆက်ပေးပြောကြားခြင်း အစီအစဥ်ကို အောက်ပါအတိုင်းပြုလုပ်မည်ဖြစ်ပါ၍ မပျက်မကွက်တက်ရောက်ကြပါရန် ကြေငြာအပ်ပါသည်။ အစီအစဥ် နေ့ရက် - ၂၇-၁၁-၂၀၁၉ (ဗုဒ္ဓဟူးနေ့) အချိန် - နံနက် (၉း၀၀) နာရီ နေရာ - စာသင်ဆောင် (A) ဆေးတက္ကသိုလ် (၁)၊ လမ်းမတော်