2020/06/23
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ mosh.edu.mm Email Account များ ထုတ်ပေးခြင်း

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ဆေးပညာသင်ကြားရေးနှင့် သုတေသနတို့ကို အထောက်အကူဖြစ်စေရန်အတွက် (@mohs.edu.mm) domain ဖြင့် email များကို ထုတ်ပေးခဲ့ပြီဖြစ်ပါသည်။ ဆေးတက္ကသိုလ် (၁) ရန်ကုန်က သက်ဆိုင်ရာဆရာ/ဆရာမ၊ ဝန်ထမ်းများသို့ ပြန်လည်ထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။ အသုံးပြုပုံကို လမ်းညွှန်စာအုပ် (Mail User Manual) တွင် ဖတ်ရှုနိုင်ပါသည်။ အသစ်လျှောက်ထားလိုသူများနှင့် စာလုံးပေါင်းပြင်ဆင်လိုသူများသည် Email Service Request Form ( UM1 Email Account Information change request form (2) ) ကို အသုံးပြုကာ ဆေးတက္ကသိုလ် (၁) ကွန်ပျူတာဌာနစိတ်သို့လည်းကောင်း (သို့မဟုတ်)  um1@mohs.edu.mm သို့ email ပို့၍ လည်းကောင်း လျှောက်ထားနိုင်ပါသည်။ Email Account Information ၏ NOTES များကို သေချာစွာ ဖြတ်ရှုစေလိုပါသည်။ ဤ (@mohs.edu.mm) domain ဖြင့် Email ကို အသုံးပြုခြင်းအားဖြင့် အသုံးပြုသူသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ ပြဌာန်းသော အသုံးပြုမှု စည်းမျဉ်းစည်းကမ်းများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများကို လိုက်နာပါမည်ဟု သဘောတူပြီးဖြစ်သည်ဟု မှတ်ယူရမည်။