um1_bnr

 

Policy

Coming soon

 

Financial Aid

Coming soon

Teaching Learning Aid

Coming soon

Research Aid

Coming soon

ကိုယ်ခန္ဓာလှူဒါန်းခြင်း

ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင် ဘွဲ့ကြို ဆရာဝန်လောင်းဆေးကျောင်းသားများနှင့် ဘွဲ့လွန်ခွဲစိတ်အထူးကု ဆရာဝန်များအား လေ့ကျင့်သင်ကြားပေးရန်အတွက် မြန်မာနိုင်ငံသားများက လှူဒါန်းထားသော ကိုယ်ခန္ဓာများကို အသုံးပြုကြရပါသည်။ မြန်မာလူမျိုးတို့သည် ငွေကြေးပစ္စည်းသာမက ကိုယ်ခန္ဓာနှင့် ကိုယ်တွင်းအင်္ဂါများကို အသက်ရှင်စဥ်ဖြစ်စေ၊ သေဆုံးပြီးမှဖြစ်စေ လှုဒါန်းလေ့ရှိပါသည်။ ဤသို့ လှပသော ဒါနစိတ်ထားဖြင့် လှူဒါန်းထားသည့် ကိုယ်ခန္ဓာများကို လက်တွေ့ခွဲစိတ်လေ့ကျင့်သင်ကြား ပေးနိုင်သောကြောင့် ဆေးတက္ကသိုလ် (၁) ၏ ကျောင်းသားကျောင်းသူများ သင်တန်းသား သင်တန်းသူများသည် ကိုယ်ခန္ဓာ၏ ဖွဲ့စည်းပုံကို မျက်ဝါးထင်ထင် လေ့လာနိုင်သဖြင့် ဆေးပညာကို ပိုမိုထိရောက်စွာ ဆည်းပူးလေ့လာနိုင်ပါသည်။ ထို့အပြင် ကိုယ်ခန္ဓာ မပုပ်မသိုးအောင် ထိမ်းသိမ်းနည်းများ ပိုမိုတိုးတက်လာခဲ့ပြီဖြစ်ရာ ဖယောင်းသွင်း၍ အအေးခန်းနှင့် ထိမ်းသိမ်းသော နည်းပညာဖြင့် ခွဲစိတ်နှင့် နှီးနွယ်အထူးကုဆရာဝန်များသည် ပိုမိုကောင်းမွန်သော ခွဲစိတ်နည်းများကို သက်ရှိလူသားအစစ်တွင် ခွဲစိတ်ရသကဲ့သို့ လေ့ကျင့်နိုင်ပြီး ကုသရေးဖက်တွင် များစွာ တိုးတက်မှု ရှိလာနိုင်စေမည်ဖြစ်ပါသည်။

ဆေးတက္ကသိုလ် ၁ ရန်ကုန်တွင် ခန္ဓာကိုယ် လှူဒါန်းမှုနှင့် ပတ်သက်သည့် အချက်များ

၁။ လှူဒါန်းနိုင်သူများ

အသက် ၁၈နှစ် ပြည့်ပြီးသူ မည်သူမဆို လှူဒါန်းနိုင်ပါသည်။

၂။ လှူဒါန်းရန်နေရာ

ဆေးတက္ကသိုလ် ၁ ရန်ကုန်၊ ပြည်လမ်း (ယခင်လိပ်ခုံး)၊ ခန္ဓာဗေဒဌာနရုံးခန်း။ လမ်းညွှန် – ဘတ်စ်ကားနှင့် လာပါက “စိုက်ပျိုးရေး” မှတ်တိုင်တွင် ဆင်းရမည်။ Novotel Hotel နှင့် မျက်နှာချင်းဆိုင်၊ Junction Square ပြည်လမ်းဝင်ပေါက်နှင့် မျက်စောင်းထိုး။

၃။ လှူဒါန်းနိုင်သည့်ရက်နှင့် အချိန်

ရုံးဖွင့်ရက်များ။ နံနက် ၉နာရီမှ ညနေ ၃နာရီအတွင်း။

၄။ လှူဒါန်းရာတွင်လိုအပ်သည်များ

  • အလှူရှင်ကိုယ်တိုင်၊
  • ဓာတ်ပုံ ၁ ပုံ၊
  • သက်သေ ၂ ဦး (ဆွေမျိုးသက်သေ ၁ ဦး နှင့် အခြားသက်သေ ၁ဦး) သက်သေ ၂ဦးစလုံး ဆွေမျိုး ဖြစ်လျင်လည်း ရပါသည်။ ဆွေမျိုးသက်သေ ဆိုရာတွင် ဇနီး/ခင်ပွန်း လည်း အကျုံးဝင်ပါသည်)
မှတ်ချက် – ဤသို့ လှူဒါန်းရန်အတွက် ငွေကြေး တစုံတရာ (ဥပမာ – ပုံစံစာရွက်ဖိုး) စသည်တို့ လုံးဝ ပေးစရာမလိုပါ။ မည်သည့် အမှတ်တရပစ္စည်းတစုံတရာ ​ရောင်းချမှု မရှိပါ။

၅။ ရှင်းလင်းချက်များ

(က) လှူဒါန်းရာတွင် ဓာတ်ပုံနှင့် သက်သေများ အပြင် အခြားအရာများ (ဥပမာ – ဆေးစစ်ချက်များ စသည်တို့) မလိုအပ်ပါ။ လူတဦးအနေနှင့် မည်သည့်နေရာ၊ မည်သည့်အချိန်တွင် မည်သည့်အကြောင်း (မည်သည့်ရောဂါ) ကြောင့် ကွယ်လွန်မည်ကို ကြိုတင် မသိရှိနိုင်သဖြင့်၊ လှူဒါန်းမှုကို လက်ခံထားပြီး အလှူရှင်တဦး ကွယ်လွန်ချိန်တွင်မှ သေဆုံးသည့် အကြောင်းရင်း၊ အခြေအနေပေါ် မူတည်၍ ခန္ဓာကိုယ်ကို လက်ခံနိုင်ခြင်းရှိမရှိ ဆုံးဖြတ်ပါသည်။ (ခ) ယေဘူယျအားဖြင့် အလှူရှင်တဦးသည် အောက်ပါအချက်များဖြင့် ကွယ်လွန်ပါက ခန္ဓာကိုယ်ကို လက်ခံနိုင်ခြင်းမရှိပါ။
  • ကူးစက်ရောဂါ (ဥပမာ – ဝမ်းရောဂါ၊ ပလိပ်ရောဂါ၊ H1N1၊ စသည်)
  • အခြားအကြောင်းကြောင့် ကွယ်လွန်သော်လည်း ကူးစက်ရောဂါ တစုံတခုရှိလျင် (ဥပမာ – အသည်းရောင်အသားဝါရောဂါ ဘီပိုး, စီပိုး၊ ခုခံအားကျဆင်းမှုရောဂါပိုး HIV)
  • ကင်ဆာရောဂါ (အခြေအနေကိုကြည့်၍ လျော့ပေါ့စဉ်းစားပေးပါသည်)
  • ထိခိုက်ဒါဏ်ရာ / မှုခင်းတစုံတရာနှင့် သေဆုံးလျင်

၆။ ကွယ်လွန်သွားသည့် အလှူရှင်ခန္ဓာကိုယ်များကို အသုံးပြုပုံ။

အလှူရှင်များ၏ ခန္ဓာကိုယ်များကို ဆေးစိမ်ထိန်းသိမ်းထားပြီး ဆေးတက္ကသိုလ် ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသားများ စာသင်ကြားခြင်း၊ ဆေးဖက်ဆိုင်ရာ သုတေသနများ ပြုလုပ်ခြင်းများတွင် အသုံးပြုပါသည်။

၇။ အလှူရှင်တဦးကွယ်လွန်လျင် ဆောင်ရွက်ရန်

  • အလှူရှင်ကွယ်လွန်ကြောင်း ကျန်ရစ်သူမိသားစုမှ ဆေး ၁ ခန္ဓာဗေဒဌာနသို့ အကြောင်းကြားရန်။
  • ကွယ်လွန်သည့် အကြောင်းရင်းပေါ် မူတည်ပြီး ဌာနမှ လက်ခံနိုင်ခြင်း ရှိမရှိ စိစစ်၍ အကြောင်းပြန်ပါမည်။
  • လက်ရှိအခြေအနေအထိ ခန္ဓာဗေဒဌာနတွင် မော်တော်ယာဉ် မရှိသေးသည့်အတွက်၊ ကျန်ရစ်သူ မိသားစုက အလှူရှင် ခန္ဓာကိုယ်ကို ဆေးတက္ကသိုလ် ၁ ရန်ကုန်၊ ခန္ဓာဗေဒဌာနသို့ ပို့ဆောင်ပေးရပါမည်။ နာ/ကူအသင်းများနှင့် ဆက်သွယ်၍ ဆောင်ရွက်နိုင်ပါသည်။

၈။ စုံစမ်းရန်နှင့် ဆက်သွယ်ရန်

09 42761 7774 (လက်ရှိ ကိုင်ဆောင်ထားသူ – ဒေါက်တာထင်လင်း၊ ကထိက၊ ခန္ဓာဗေဒဌာန၊ ဆေးတက္ကသိုလ် ၁ ရန်ကုန်)