ဆေးတက္ကသိုလ်-၁၊ရန်ကုန် ဒုတိယပါမောက္ခချုပ် ပါမောက္ခဒေါက်တာခင်မာမြင့် တို့ပါဝင်သည့်အဖွဲ့ သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ (၄.၃.၂၀၂၄) မှ (၇.၂.၂၀၂၄)နေ့ထိကျင်းပပြုလုပ်သည့် (၁၃) ကြိမ်မြောက် “ASEAN Medical Deans’ Summit” နှင့် (၂၃) ကြိမ်မြောက် “Thai Medical Eucation Conference (Theme: Personalizing Medical Education for a Healthier World)” သို့ သွားရောက်တက်ရောက်ခြင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ (၄.၃.၂၀၂၄) မှ (၇.၂.၂၀၂၄)နေ့ထိကျင်းပပြုလုပ်သည့် (၁၃) ကြိမ်မြောက် “ASEAN Medical Deans' Summit” နှင့် (၂၃) ကြိမ်မြောက် “Thai Medical Eucation Conference (Theme: Personalizing Medical Education for a Healthier World)” သို့တက်ရောက်ရန် ဆေးတက္ကသိုလ်-မန္တလေးပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာမျိုး သက်တင်၊ တပ်မတော်ဆေးတက္ကသိုလ်ပါမောက္ခချုပ် ဗိုလ်မှူးချုပ်ခင်အောင်ထွန်း၊ ဆေးတက္ကသိုလ်-၁၊ရန်ကုန် ဒုတိယပါမောက္ခချုပ် ပါမောက္ခဒေါက်တာခင်မာမြင့် တို့ပါဝင်သည့်အဖွဲ့သည် (၄.၂.၂၀၂၄) နေ့လည်ပိုင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့သွားရောက်ခဲ့ကြပါသည်။ အဖွဲ့နှင့်အတူ ဆေးတက္ကသိုလ်-၁၊ရန်ကုန်၊ ခွဲစိတ်ကုပညာဌာနမှ ပါမောက္ခ/ဌာနမှူး၊ပါမောက္ခဒေါက်တာမိုးမိုးတင်နှင့် တပ်မတော် ဆေးတက္ကသိုလ်မှဆေးပညာသင် ကြားရေးဌာနမှူး ဒုတိယဗိုလ်မှူးကြီးရဲဖြိုးအောင်တို့လည်း လိုက်ပါတက်ရောက် ကြပါသည်။