ဆေးတက္ကသိုလ်(၁)၊ရန်ကုန်၊လမ်းမတော်၌ ၉.၁.၂၀၂၄ နှင့် ၁၀.၁.၂၀၂၄ နေ့တို့တွင် ရောဂါဗေဒဘာသာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၄)၊ (Myanmar Pathology Conference 2024) ကျင်းပခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်လက်ကမ်းလေ့ကျင့်ရေးဆိုင်ရာအကြိုအလုပ်ရုံဆွေးနွေးပွဲကို ဆေးတက္ကသိုလ်(၂)၊ရန်ကုန်၌ ၈.၁.၂၀၂၄ နေ့တွင်ကျင်းပခြင်း

ရောဂါဗေဒဘာသာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၄)၊ (Myanmar Pathology Conference 2024) ကို ဆေးတက္ကသိုလ်(၁)၊ရန်ကုန်၊လမ်းမတော်၌ ၉.၁.၂၀၂၄ နှင့် ၁၀.၁.၂၀၂၄ နေ့တို့တွင်လည်းကောင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်လက်ကမ်းလေ့ကျင့်ရေးဆိုင်ရာအကြိုအလုပ်ရုံဆွေးနွေးပွဲကို ဆေးတက္ကသိုလ်(၂)၊ရန်ကုန်၌ ၈.၁.၂၀၂၄ နေ့တွင်၄င်းကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးမှတက်ရောက်ဖွင့်လှစ်ခဲ့ပြီး နှီးနှောဖလှယ်ပွဲနှစ်ရက်တာကာလအတွင်း ပြည်တွင်း/ပမှဝါရင့်ရောဂါဗေဒပညာရှင်များမှရောဂါရှာဖွေစမ်းသပ်ခြင်းအတွေ့အကြုံများ၊ ပြောင်းလဲတိုးတက်မှုများ (Updates) ဆွေးနွေးပို့ချခြင်း၊ သုတေသနစာတမ်းများဖတ်ကြားတင်သွင်းခြင်းနှင့် ပိုစတာများတင်ပြခြင်းများပါဝင်ခဲ့ပါသည်။ နှီးနှောဖလှယ်ပွဲသို့ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ဆေးသုတေသနဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များမှပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံ ဆေးကောင်စီ၊ ဆေးပညာရှင်/အသင်းအဖွဲ့ဥက္ကဌများ၊ ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ပါမောက္ခဒေါက်တာ ဖေသက်ခင်၊ ရောဂါဗေဒဘာသာရပ်အငြိမ်းစား ဆရာ/မကြီးများ၊ ရောဂါဗေဒဌာန၊ ပါမောက္ခ/ဌာနမှူး၊ပါမောက္ခများနှင့်မျိုးဆက်သစ်ရောဂါဗေဒဆရာဝန်များတက်ရောက်ခဲ့ကြပါသည်။