um1_bnr

Pro-rector (Administrative)

ပါမောက္ခဒေါက်တာမြင့်မြင့်ငြိမ်း MBBS, MMedSc (Pathology), PhD (Pathology), DipMedEd

ကိုယ်ရေးအကျဉ်း

ပါမောက္ခဒေါက်တာမြင့်မြင့်ငြိမ်းသည် ၁၉၈၆ ခုနှစ်တွင် M.B.,B.S. ဘွဲ့ကို ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ရရှိခဲ့ပါသည်။ ၁၉၈၉ မှစ၍ နိုင်ငံ့ဝန်ထမ်းအဖြစ် ဆေးတက္ကသိုလ် (၁) ရန်ကုန် ရောဂါဗေဒဌာနတွင် သရုပ်ပြဆရာဝန် တာဝန်စတင်ထမ်းဆောင်ခဲ့ပါသည်။ ထိုမှတဆင့် လက်ထောက်ကထိက၊ ကထိက ရာထူးများဖြင့် မြန်မာနိုင်ငံ၏ ဆေးတက္ကသိုလ်များတွင် လှည့်လည်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် တွဲဖက်ပါမောက္ခရာထူးတို့ တိုးမြှင့်တာဝန်ပေးခြင်းခံရသည်။ ၂၀၀၈ ခုနှစ်တွင် ဆေးတက္ကသိုလ် – မကွေး၊ ရောဂါဗေဒဌာန၏ ပါမောက္ခ/ဌာနမှူးတာဝန်ကို စတင်ထမ်းရွက်ခဲ့သည်။ ထို့နောက် ပါမောက္ခ/ဌာနမှူး တာဝန်များကို ဆေးတက္ကသိုလ် (၂) ရန်ကုန် နှင့် ဆေးတက္ကသိုလ် (၁) ရန်ကုန်တို့တွင် (၁၁) နှစ်ကြာ ဆက်လက်ထမ်းရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်၏ ဒုတိယပါမောက္ခချုပ် (စီမံ) အဖြစ် ခန့်အပ်ခြင်းခံရသည်။ သူမသည် ၁၉၉၄ ခုနှစ်တွင် ဆေးပညာမဟာသိပ္ပံ (ရောဂါဗေဒ) ဘွဲ့ကိုလည်းကောင်း၊ ၂၀၀၄ ခုနှစ်တွင် WHO Fellowship Training Award ကို လည်းကောင်း၊ ၂၀၀၅ ခုနှစ်တွင် ပါရဂူဘွဲ့ (ရောဂါဗေဒ) ကို (Significance of P53 Tumor Suppressor Gene, BCL-2 Oncoprotein and Ki-67 Proliferation Associated Nuclear Antigen Immunosuppression in Primary Thyroid Tumors) ဖြင့် လည်းကောင်း၊ ဆေးပညာသင်ကြားရေးဘွဲ့လွန်ဒီပလိုမာဘွဲ့ကို ၂၀၀၈ ခုနှစ်တွင်လည်းကောင်း ရရှိခဲ့သည်။ မြန်မာနိုင်ငံ ကုသရေးဆိုင်ရာရောဂါဗေဒအဖွဲ့၏ ၂၀၁၇-၂၀၁၉ သက်တမ်းအတွက် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ သွေးရောဂါဗေဒအဖွဲ့၏ ဘဏ္ဍာရေးမှူးအဖြစ်လည်းကောင်း ခန့်အပ်ခြင်းခံရသူဖြစ်သည်။

Professor Myint Myint Nyein