(၅၆) ကြိမ်မြောက် ဘွဲ့နှင်းသဘင်

ဆေးတက္ကသိုလ် (၁) ရန်ကုန်၏ (၅၆) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ၂၀၁၉ ခုနှစ် မတ်လ (၃) ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ပါသည်။ ဆေးပညာဘွဲ့ (M.B.,B.S) ရရှိသူ (၆၂၆) ဦး၊ ဒီပလိုမာ (Diploma) ရရှိသူ (၄၆) ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ (M.Med.Sc) ရရှိသူ (၃၃၆) ဦး၊ ဆေးလက်တွေ့အခြေခံပါရဂူဘွဲ့ (Ph.D) ရရှိသူ (၆) ဦး နှင့် ဆေးလက်တွေ့ပါရဂူဘွဲ့ (Dr.Med.Sc) ရရှိသူ (၇၀) ဦး တို့အား ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးမှ သက်ဆိုင်ရာဘွဲ့လက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဘွဲ့ယူသူမောင်မယ်များနှင့် မိသားစုဝင်များသည် သူငယ်ချင်များ၊ ဆရာဆရာမများနှင့်အတူ ပျော်ရွင်စွာ ဓါတ်ပုံမှတ်တမ်းများ ရိုက်ကူးခဲ့ကြသည်။