၂၀၂၅ ပညာသင်နှစ် ဘွဲ့လွန်ဆေးပညာသင်တန်းများ ဝင်ခွင့်အရည်အချင်းစစ် ရေးဖြေစာမေးပွဲ ကျင်းပစစ်ဆေးမည့်ရက် ပြောင်းလဲခြင်း
၂၀၂၅ ပညာသင်နှစ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်မာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များတွင် ဖွင့်လှစ်မည့် ဘွဲ့လွန်ဆေးပညာဒီပလိုမာသင်တန်းများ၊ ဆေးပညာမဟာသိပ္ပံသင်တန်းများနှင့် ပါရဂူဘွဲ့သင်တန်းများအတွက် ဝင်ခွင့် အရည်အချင်းစစ် ရေးဖြေစာမေးပွဲများကို (၃-၁၀-၂၀၂၄)ရက်နေ့နှင့် (၄-၁၀-၂၀၂၄)ရက်နေ့များတွင် ကျင်းပစစ်ဆေးရန် ကြေညာထားရှိသော်လည်း ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် သဘာဝဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၊ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အင်အားဖြည့် ပါဝင်ဆောင်ရွက်လျက်ရှိပါသဖြင့် ဝင်ခွင့်အရည်အချင်းစစ်ရေးဖြေစာ ဖြေစာမေးပွဲများကို (၂၂-၁၀-၂၀၂၄)ရက်နေ့နှင့် (၂၃-၁၀-၂၀၂၄)ရက်နေ့များသို့ ပြောင်းလဲကျင်းပစစ်ဆေးမည်ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။ (ကျန်းမာရေးဝန်ကြီးဌာန)