ရာသီတုပ်ကွေး (H1N1) အကြောင်း ဟောပြောပွဲကျင်းပခြင်း

28/6/2019

ရာသီတုပ်ကွေး ရောဂါ (H1N1) အကြောင်း သိကောင်းစရာဟောပြောပွဲကို ၂၈-၆.၂၀၁၉ ရက်နေ့တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန် လမ်းမတော်ပရဝုဏ် လေးထပ်ဆောင်ရှိ စာတမ်းဖတ်ခန်း၌ ကျင်းပခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ပါမောက္ခဒေါက်တာဇော်လင်းအောင် (ပါမောက္ခ/ဌာနမှူး၊ ဆေးပညာဌာန)၊ ပါမောက္ခဒေါက်တာမိုးမိုးဆန်း (ပါမောက္ခ/ဌာနမှူး၊ အပူပိုင်းဒေသနှင့် ကူးစက်ရောဂါဆေးပညာဌာန) နှင့် ပါမောက္ခဒေါက်တာမော်ဦး (ပါမောက္ခ/ဌာနမှူး၊ အရေးပေါ်ဆေးပညာဌာန) တို့မှ ဟောပြောပို့ချခဲ့ကြသည်။