2019/10/31
ဆေးတက္ကသိုလ် (၁) ရန်ကုန် ဝင်ခွင့်ရရှိသူများ မှတ်ပုံတင်နိုင်ရန်အတွက် ကြေငြာခြင်း ‌

ဆေးတက္ကသိုလ် (၁) ရန်ကုန် သို့ ဝင်ခွင့်ရရှိသော ပထမနှစ် ကျောင်းသားကျောင်းသူများ အနေဖြင့် Online Registration စနစ်အားအသုံးပြုပြီး ၁-၁၁-၂၀၁၉ မှ ၂၉-၁၁-၂၀၁၉ အထိ လွယ်ကူစွာ ကျောင်းအပ်နှံနိုင်မည်ဖြစ်ပါသည်။ ဆေးတက္ကသိုလ် (၁) ရန်ကုန်သို့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့တွင် စတင ွင့်လှစ်မည့် Foundation Year (MBBS Course) ၁၂/၂၀၁၉ ပညာသင်နှစ် အတွက် ကျောင်းသားအဖြစ်မှတ်ပုံတင်ခြင်း (Registration) ကို အောက်ဖော်ပြပါ website url (link) မှတဆင့် ဝင်ရောက်လျှောက်ထားကြရမည်ဖြစ်ပါသည်။ Online registration ပြုလုပ်ပြီးမှသာ သက်ဆိုင်ရာ အထောက်အထားများကို လက်ခံစစ်ဆေးမည်ဖြစ်ပြီး စစ်ဆေးမှုပြီးစီးပါက ဆေးစစ်ခြင်း၊ လူတွေ့စစ်ဆေးခြင်း တို့ကို ပြုလုပ်ပြီး ဆေးတက္ကသိုလ် (၁) ရန်ကုန် ၏ ကျောင်းသားအဖြစ် အတည်ပြုပေးမည်ဖြစ်ပါသည်။ https://um1yangon.blueplanet.com.mm Registration ပြုလုပ်ရန် မိမိ၏ mobile phone number ကိုအသုံးပြု၍ one-time password နှင့် ဝင်ရောက်ရမည်ဖြစ်ပါသည်။ ိမိ၏ မျက်နှာပုံ (Passport) ဓါတ်ပုံ ကို upload ပြုလုပ်ပေးရန် လိုအပ်ပါသည်။ (ဓါတ်ပုံအတွက် သတ်မှတ်ချက် - ၁း၁ အချိုး (Square-cropped) ၊ နောက်ခံအဖြူရောင်၊ မျက်မှန်တပ်ဆင်ထားခြင်းမရှိအလင်းရောင ကောင်းမွန်ပြီး brightness/contrast မှအပ အခြား မည်သည့် effect နှင့်မျှ ပြုပြင်ထားခြင်းမရှိရ၊ ျက်နှာ၏အမြင့်သည် ဓါတ်ပုံအမြင့်၏ ၇၀ % ရှိရမည သပ်ရပ်စွာ ဝတ်စားထားရမည်။) Data processing ပြုလုပ်ရန်ဖြစ်ပါသဖြင့် - -အမည်များ (မိမိအမည်၊ အဘအမည် စသည်တို့) ဖြည့်သွင်းရာတွင် နာမည်သက်သက်ကိုသာ ဖြည့်သွင်းရန် (မောင်/ မ/ ဦး/ ဒေါ်/ ဒေါက်တာ/ ပါမောက္ခ စသည်တို့ မဖြည့်သွင်းရပါ) -ူနီကုဒ် (Unicode) တစ်မျိုးတည်းသာ အသုံးပြုဖြည့်သွင်းရမည်ဖြစ်ပါသည် -ကိန်းဂဏန်းများကို အင်္ဂလိပ် (English) လိုသာ ဖြည့်သွင်းရမည်ဖြစ်ပါသည် -သက်ဆိုင်ရာ ကွက်လပ်များ၏ ဘေးရှိ icon (!) ကို ထောက်ကြည့်လျှင် မည်သို့ဖြည့်သွင်းရမည်ကို ရှင်းလင်းချက် ပါရှိပါသည်။ Online Registration ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၁) ရက် သောကြာနေ့ နံနက် (၉း၀၀) နာရီမှမှသာ စတင်ပြုလုပ်နိုင်ပါမည်။ မှတ်ချက်။ နံနက် (၉း၀၀) နာရီ မတိုင်မီတွင် ထည့်သွင်းသော အချက်အလက်များသည် Database အတွင်းသို့ ဝင်ရောက်ခြင်းရှိမည် မဟုတ်သောကြောင့် စာရင်းမဝင်ခြင်းများ ဖြစ်နိုင်ပါသည်။ ထို့‌ကြောင့် 1.11.2019 ရက်နေ့ နံနက် (၉း၀၀) နာရီကျော်မှသာ မှတ်ပုံတင် (Registration) စာရင်းသွင်းခြင်းများကိုဆောင်ရွက်ပါရန် အထူးသတိထားစေလိုပါသည်။ အဆင်မပြေမှုများရှိပါက ဆေးတက္ကသိုလ် (၁) ရန်ကုန်၏ တရားဝင် လူမှုကွန်ယက်စာမျက်နှာ (Facebook page) @UM1Official မှတစ်ဆင့် မေးမြန်းနိုင်ပါသည်