2022/12/01
ဆေးတက္ကသိုလ်(၁)ရန်ကုန် ဆေးပညာပထမနှစ် (Medical Year 1)တက်ရောက်မည့် ကျောင်းသား/သူများ သတင်းပို့ရမည့် ရက်နှင့် သင်တန်းစတင်ဖွင့်လှစ်မည့်ရက် ကြေညာခြင်း

ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ဆေးပညာအခြေခံနှစ် (Foundation Year ၁၂/ ၂၀၁၉) Semester- 2 အောင်မြင်သူများသည်  ဆေးပညာပထမနှစ် ( Medical
Year-1) ကို တက်ရောက်ရန် ၁၉.၁၂. ၂၀၂၂ မှ စတင်၍ တက္ကသိုလ်သို့ သတင်းပို့ ကျောင်းအပ်နိုင်ပါသည် ။ ၂.၁.၂၀၂၃ မှ စတင်၍ သင်တန်းဖွင့်လှစ်ပြီး ၊ Medical Year 1 ၏ Module -1: ( Integrated System module) ကို စတင်သင်ကြားမည် ဖြစ်ပါသည် ။
Module အလိုက်သင်ကြားပြီး Continuous Assessment နှင့် Module End Test များ ဖြေဆိုရမည် ဖြစ်သောကြောင့် သင်တန်းစတင်မည့် ၂.၁. ၂၀၂၃ တွင်
မပျက်မကွက် တက်ရောက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည် ။
2nd MBBS ၁၂/ ၂၀၁၉ အတန်း မှ 1F or 2 F သတ်မှတ်ခြင်းခံထားရသော ကျောင်းသား/သူများသည်လည်း ၊ စံနစ်သစ်သင်ရိုး၏ Medical Year -1 နှင့်အတူ
တက်ရောက်ခွင့် လျှောက်ထားရမည် ဖြစ်ပါသည် ။