2019/11/24
ကထိန်သင်္ကန်းနှင့် ပဒေသာပင်လှူဒါန်းပွဲ၊ မီးထွန်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပမည်

ဆေးတက္ကသိုလ် (၁) ရန်ကုန်၏ ကထိန်သင်္ကန်းနှင့် ပဒေသာအလှူများ လှူဒါန်းပူဇော်ပွဲ၊ တန်ဆောင်တိုင်မီးထွန်းပွဲနှင့် ဂီတပဒေသာပွဲများကို ၂၅-၁၁-၂၀၁၉ ရက် တနင်္လာနေ့တွင် ဆေးတက္ကသိုလ် (၁) လမ်းမတော်ပရဝုဏ်တွင် တစ်စုတစ်စည်းတည်း ပြုလုပ်မည်ဖြစ်ပါသည်။ မနက်ပိုင်းတွင် သံယာတော်အရှင်သူမြတ်တို့အား ကထိန်သင်္ကန်း ကပ်လှူပူဇော်ခြင်း၊ ဆွမ်းကပ်လှူခြင်း တို့အား ဆောင်ရွက်မည်ဖြစ်ပြီး ညနေပိုင်းတွင် လမ်းမတော်ပရဝုဏ် အရှေ့ဖက် ပင်မအဆောက်အအုံရှေ့တွင် မီးထွန်းပွဲတော်ကို ပြုလုပ်မည်ဖြစ်ပါသည်။ ညဖက်တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်၏ ကျောင်းသူကျောင်းသားများမှ တေးဂီတများ တီးခတ်သီဆိုကြမည်ဖြစ်ပါသည်။